မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက် ပွင့်သစ်စမှ ဘူတာအဆင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မိတ္ထီလာ    သြဂုတ်   ၂၂ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် စျေးအရှေ့ပြင်ရပ်ကွက် ပွင့်သစ်စမှ ဘူတာအဆင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေ ကျပ် (၉.၆၉၂) သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ခိုင်ခန့်ဖြူစင် ကုမ္ပဏီက တာဝန်ယူ၍ အရှည် ပေ ၃၇၀ အကျယ် ၁၆ ပေ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို သြဂုတ် ၂၁ ရက်နေ့ နံနက်က စတင် ဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ဖြင့် မိတ္ထီလာမြို့ပေါ် ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်းများအားအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်း လုပ်ငန်း၊ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင် သည့် ခိုင်ခန့်ဖြူစင်ကုမ္ပဏီက တာဝန်ယူပြီး မတ်လ ၂၀ ရက်နေ့မှ စတင်၍ ကွန်ကရစ်လမ်းအဖြစ် (၇)လမ်း၊ ကတ္တရာခင်းလမ်းအဖြစ် (၃)လမ်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအဖြစ် လမ်း(၇)လမ်း တို့ကို ဆောင်ရွက် လျက်ရှိကြောင်း မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)