ပြင်ဦးလွင် ဩဂုတ် ၂၂
မိုးတွင်းကာလများတွင် ပြင်ဦးလွင်မြို့၏ မိုးရွာသွန်းမှုသည် အဆက်မပြတ် ရွာသွန်းသဖြင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရန် တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လမ်းပခုံးများနှင့် ကျောက်ခင်းလမ်းများ စသည့်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်မြို့သည် ရာသီဥတုကောင်းမွန်သဖြင့် ခရီးသွားပြည်သူများ အလွန်ပင်စိတ်ဝင်စားသော မြန်မာနိုင်ငံ၏ ထူးခြားသည့် တောင်ပေါ် မြို့ကလေးဖြစ်သည်နှင့်အညီဒေသအနွေးထည်များထွက်ရှိခြင်း၊ အပန်းဖြေဥယျာဉ်များ၊ တောင်ပေါ်မြေမှာသီးသည့် အသီးအနှံများ ပေါများခြင်း၊ စိုက်ပျိုးရေးကောင်းမွန်ခြင်းနှင့် အပူအအေးမျှတသဖြင့် နှစ်စဉ်နှစ်တိုင်း ခရီးသွားပြည်သူများ လာရောက်လည်ပတ်သွားလာလျက် ရှိကြသည်။
ယခုအခါ နိုင်ငံတဝှမ်းလုံး ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားနေချိန်တွင် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဉီးလွင်မြို့နယ်အတွင်း Stay at Home သတ်မှတ်ကာလများ အတွင်း ဒေသခံပြည်သူများ မိုးတွင်းကာလများ တွင် သွားလာမှုအဆင်ပြေစေရန် မြို့အင်္ဂါရပ်နှင့်အညီ မြို့တွင်းလမ်းများ၊ လမ်းသွယ်များနှင့် လမ်းပခုံးများ စသည့်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို စီမံချက်နှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)