ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူ (၁၀၀၆၂)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Simoparm ထိုးနှံပြီးစီး

ဝမ်းတွင်း    ဩဂုတ်    ၂၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် Volunteer များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Simoparm များ ထိုးနှံပေးခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၂၁ ရက်နေ့အထိ ဒေသခံပြည်သူ(၁၀၀၆၂)ဦးအား ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Simoparm ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိအသက်(၆၅)နှစ်အထက် ဒေသခံပြည်သူများနှင့် Volunteer များအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅)နှစ်ထက်ရှိသူများနှင့် Volunteer များကို သက်ဆိုင်ရာ စုရပ်များအလိုက် ကာကွယ်ဆေးများထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေစေရေး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမိုးသူနှင့် ဒုတိယဦးစီးမှူးဦး ငြိမ်းချမ်းစိုးတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့်ဒေသခံပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)