ပျော်ဘွယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ရေး မလိုအပ်ဘဲနေအိမ်ပြင်ပထွက်ခွာခြင်းမျိုး မပြုလုပ်ရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်

ပျော်ဘွယ် ဩဂုတ် ၂၂

ပျော်ဘွယ်မြို့နယ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  (Stay at Home)မြို့နယ်အဖြစ်ထုတ်ပြန် ကြေညာထားရာ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အဆိုပါထုတ်ပြန်မှုကို သိရှိလိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်းလျှော့ချနိုင်ရေး မလိုအပ်ဘဲနေအိမ်ပြင်ပ ထွက်ခွာခြင်းမျိုးမပြုလုပ်ရန် အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီမှစတင်ကာ အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

(Stay at Home) မြို့နယ်ဖြစ်သောကြောင့် ရပ်ကွက်နှင့်ကျေးရွာများမှပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပြင်ပထွက်ခွာခွင့် လက်မှတ်ကို အိမ်ထောင်စုတစ်စုလျှင်(၁)ကတ်နှုန်းထုတ်ပေးထားပါကြောင်း၊ ထွက်ခွာ ခွင့်ကတ်ပြားမပါရှိဘဲ နေအိမ်ပြင်ပထွက်ခွာပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသံချဲ့စက်ဖြင့်အသိပေးကြော်ငြာမှုများကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာများတွင်လည်း အသိပေးနှိုးဆော်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)