ဘုတ်ပြင်း ဩဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးနှင့်ရောဂါဖြစ်ပွားမှု လျော့ကျစေရေးအတွက် အသွားအလာကန့်သတ်ခြင်းများကို လိုက်နာဆောင်ရွက်နိုင်မှုအား ယနေ့နံနက်က ပူးပေါင်းအဖွဲ့များကအရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့်သေဆုံးမှုများရှိ၍ ကူးစက်ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး အတွက် ဩဂုတ်လ ၁၉ ရက်နေမှ ၂၅ ရက်နေ့အထိ ရက်သတ္တပတ် အသွားအလာ ကန့်သတ်မှုများကို အသိပေးကြေညာလျက် ရှိထားပြီးဖြစ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့အဝင်ဂိတ်များ၊ မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံများတွင် ဌာနဆိုင်ရာများမှ အဖွဲ့(၃)ဖွဲ့ကာ အသွားလာကန့်သတ်မှုများအား လိုက်နာဆောင်ရွက်နိုင်ရေး စစ်ဆေးအရေးယူ ဆောင်ရွက် လျက်ပြီး လိုက်နာမှုမရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
မြို့နယ် ( ပြန်/ဆက်)