ဇေယျာသီရိ ဩဂုတ် ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ် ကုသရေး ဆေးဝါး ဆေးပစ္စည်းများနှင့် အထောက်ကူပြုပစ္စည်းများ ပြတ်လပ်မူမရှိစေရေး မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား ယနေ့နံနက်ပိုင်းကကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် ဦးဆောင်၍ တာဝန်ရှိသူများက ကျောက်ချက်ရွာရှိ ပြည့်ဖြိုးအောင်ဆေးဆိုင်၊ ကျည်တောင် ကျေးရွာရှိ ဓူဝံ၊ ငြိမ်း၊ ဆေးဆိုင်များအား ကူးစက်ရောဂါ ကာကွယ် ကုသရေး ဆေးဝါး ဆေးပစ္စည်းများနှင့် အထောက်ကူပြု ပစ္စည်းများ ပြတ်လပ်မူမရှိစေရေး သက်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အိမ်သုံးဆေးဝါး များဈေးနှုန်းသည် ပုံမှန်ဈေးနှုန်းများအတိုင်း အများဆိုင်များနည်းတူရောင်းချ လျက်ရှိပါကြောင်းနှင့် ကျည်တောင်ကျေးရွာရှိ ငွေကြယ်၊ ရွှေသဲ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်စုံဆိုင်များအား စစ်ဆေးရာတွင် စားအုန်းဆီတစ်ပိဿာ (၄၀၀၀)ကျပ် ဝန်းကျင်နှင့် ကြက်သွန်ဖြူဥကြီး တစ်ပိဿာ (၇၀၀၀)ကျပ်နှုန်းဖြင့် ယခင်ထက် ဈေးမြင့်လျက်ရှိပြီး အခြားသော စားသောက်ကုန်များမှာ ယခင်ဈေးများအတိုင်းရောင်းချ လျက်ရှိရာ မြို့နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိကြောင်းသိရ သည်။
အေးလင်းထွန်း