သရက်ချောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အား အသိပေး လှုံ့ဆော်ကြေညာ

သရက်ချောင်း    ဩဂုတ်  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉  ရောဂါကာကွယ် ထိန်းချုပ် ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များ အရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် နာရီအချိန်ကစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ လမ်းဆုံနေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ပြည်သူများထံ ပန်ကြားချက်ပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိပေးလှုံ့ဆော် ကြေညာပေးခြင်းအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ  အသိပညာပေးလှုံ့ဆော်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးသတ်ရေယာဉ်ဖြင့်လှည့်လည်ကာမြို့ပေါ် ရပ်ကွက်ရှိ လူစည်ကားရာ လမ်းဆုံနေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၏ ပြည်သူများထံ ပန်ကြားချက်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအား  အားလုံးကိုယ်စီမဖြစ်မနေ လိုက်နာ ဆောင်ရွက်ကြရန်၊ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့မဖြစ်မနေထွက်ခွာပါက(Mask) နှာခေါင်းစည်း စနစ်တကျတပ် ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည် ရောဂါဝေဒနာ ရှင်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွား လာခြင်းဂရုပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ (Mask)နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချ သူများထံမှ ဈေးမဝယ်ကြရန်၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များမှ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန် စသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ရောဂါကာကွယ်ရေး ဆိုင်ရာများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ပျက်ကွက်ပါက ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်သွားမည် ရှိသည့်ပန်ကြားချက်များကို ပြည်သူများထံ အသိပေးတိုက်တွန်းကြေညာခဲ့ကြောင်း သိရှိရသည်။

ကေခိုင်ဝင်း( သရက်ချောင်း)