မိုးကုတ်မြို့တွင် မှာယူထားသော အောက်ဆီဂျင်စက်ရောက်ရှိ

မိုးကုတ်      သြဂုတ်   ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်တွင်မြို့သူမြို့သားများ အထူးလိုအပ် လျက်ရှိသော အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းကို ဇူလိုင်၁ ရက်မှ စတင်၍မတည်အလှူရှင် ကိုမြင့်သိန်း မသီတာ မိသားစုနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်း ပံ့ပိုးမှုဖြင့် မိုးကုတ်မြို့ မင်္ဂလာတိုက် သစ္စာအောင်မြေ ကျောင်းတိုက်တွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 အဆိုပါ အောက်ဆီဂျင်စက်ရုံသည် (၂၀-၃၀)ပေ Rc (၁)ထပ် open type ဖြစ်ပြီး စက်ရုံတွင် ထားရှိမည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် ယမန်နေ့ နေ့လည်(၂))နာရီ ဝန်းကျင်က မိုးကုတ်မြို့ သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်သည် တစ်ရက်လျှင် အောက်ဆီဂျင်(၄၀) လီတာ အိုး တစ်အိုးလျှင် မိနစ်(၂၀)ကြာ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး စက်တင်ဘာ (၁)ရက်နေ့တွင် စတင် လည်ပတ်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။                                     

   Thet Thet(တယော)