မြဝတီ ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှု များအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင်ရွက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ် ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်ကားရာ နေရာများတွင် လိုက်လံအသိပညာ ပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်မှုများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန် လည်ရောက်ရှိနိုင်ရေးအတွက် ၂၀.၈.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၂၄၇/၂၀၂၁ဖြင့် ၂၀၂၁ ခုနှစ်သြဂုတ်လ(၂၃)ရက်နေ့မှ သြဂုတ်လ(၃၁)ရက်နေ့အထိအား တစ်ဆက်တည်း အများပြည်သူ အလုပ်ပိတ်ရက် အဖြစ်တိုးမြှင့် သတ်မှတ်ကြေညာခဲ့ပြီး အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် မိမိတို့နေအိမ်(သို့မဟုတ်) အဆောင်များတွင်သာ နေထိုင်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများ သာ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျဆေးရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများက နေ့စဉ်အသိပညာ ပေးလိုက်လံ နှိုးဆော်လျက် ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)