မော်လမြိုင်ခရိုင်ကျိုက်မရောမြို့နယ်တွင်မဲဆန္ဒရှင်စာရင်း၌အမည်ပါဝင်ပြီးမှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန်ကျန်ရှိသူများအားမှန်ကန်မြန်ဆန်စွာ ဖြည့်သွင်းနိုင်​ရေးကွင်းဆင်း​ဆောင်ရွက်​ပေး

ကျိုက်မရော  သြဂုတ် ၁၃

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးသန်းထိုက်နှင့်ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်း ၌အမည်ပါဝင်ပြီး မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန် ကျန်ရှိသူများအား မှန်ကန်မြန်ဆန်စွာ ပြန်လည် ဖြည့်သွင်း နိုင်ရေးအတွက်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လည်က
ကော့ကလော့ကျေးရွာနှင့်လှကဇိုင်းကျေးရွာတို့၌အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့​​ဆောင်ရွက်ပေးရာတွင်"သစ္စာစီမံချက်ဖြင့်အသက်၁၈နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား များကိုကျေးရွာ​​ကော်မရှင်အဖွဲ့ခွဲဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ဒေသခံစေတနာ့ ဝန်ထမ်း Volunteer များနှင့်ပူးပေါင်း၍ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်အားကစားနှင့်ကျန်းမာရေးဦးစီး ဌာန၏လမ်းညွှန်ချက်များနှင့်အညီကျေးရွာအုပ်စု ၂ရွာတို့၌လူဦးရေ (၆၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီးကျန်ရှိနေသောကျေးရွာများသို့လည်းဆက်လက်ဆောင်ရွက် ပေးသွားမည်"ဖြစ်ကြောင်းမြို့နယ်ဦးစီးမှူးဦးသန်းထိုက်ထံမှသိရှိရသည်။
 ချိုချို(ပြန်/ ဆက်)