ရွာသစ်မြို့၌ ပြည်သူများ ကုန်စည်ပြတ်လတ်မှုမရှိစေရေး ယာဉ်လိုင်းများအား သတ်မှတ်ရက်များအတွင်း သွားလာခွင့်ပြု

ရွာသစ်     ဩဂုတ်   ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ စုပေါင်းစစ်ဆေးရေး ဂိတ်၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကုန်စည်စီးဆင်းမှုပြတ်လပ်မှုမရှိစေရေး အိမ်စီးကားများ၊ ကုန်တင်ကားများအား ယနေ့တွင် သွားလာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် အရှိန်အဟုန်မြင့် ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိရာ ကယား ပြည်နယ်တွင်လည်း ရောဂါပြန့်ပွားမှုနှုန်း များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လွိုင်ကော်၊ ရွာသစ်သို့ ကုန်စည်ကူးသန်းရောင်းဝယ်လျက်ရှိသော ယာဉ်များ အား စနစ်တကျ ကာကွယ်ထိန်းချုပ်လျက်ရှိရာ စည်းကမ်းချက်နှင့်အညီ သွားလာသည့် ယာဉ်များအား သတ်မှတ်ထားသည့်ရက်များအတွင်း သွားလာခွင့်ပြုကြောင်းနှင့် ရွာသစ်မြို့သို့ ရောက်ရှိလာသော ယာဉ်များအား စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကာကွယ်ဆေးဖျန်းခြင်း၊ ပစ္စည်းများ အား‌ ဆေးဖျန်းခြင်းများ‌ ဆောင်ရွက်ပြီး ယာဉ်များကို လွှဲပြောင်း သွားလာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရွာသစ်(ပြန်/ဆက်)