သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကလေးများအား ဗီတာမင်-အေ ဆေးများ တိုက်ကျွေး

ကံမ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  အသက် (၆)လမှ (၅)နှစ်အရွယ်ကလေးများအား ဗီတာမင်-အေဆေး တိုက်ကျွေးခြင်းကို ယနေ့နက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆေးတိုက်ကျွေးရာ၌ မြို့ပေါ်နှင့်ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရေး အလှည့်ကျ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်လျက ်ရှိကြောင်း ဗီတာမင်-အေဆေးတိုက်ကျွေးခြင်းဖြင့်ကလေးများတွင် ဗီတာမင်-အေ ချို့တဲ့ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊ ကျန်းမာသန်စွမ်းစေခြင်း   ကိုယ်ခန္ဓာကြီး ထွားဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်စေခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိုင်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)