တောင်ငူ ဩဂုတ် ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထား လျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးမြေစိုက်ပြဘုတ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ကြေငြာချက်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ၊ မဲပေး နိုင်ရန်အတွက် သင့်အမည် မဲစာရင်းတွင် ပါဝင်မှုရှိရမည့် အချက်များ စသည့် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာများ ပြသထားကြောင်း ပြည်သူများ အလွယ်တကူလာရောက်ဖတ်ရှုလေ့လာနိုင် ရန် ရည်ရွယ်၍ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)