တန့်ဆည်မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု (၇၅၆၁) စုအတွက် ထောက်ပံ့ငွေပေးအပ်

တန့်ဆည်  ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုခြင်းအလိုက် ငွေကြေးထောက်ပံ့နိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုထောက်ပံ့ငွေ ပေးအပ်ရေး အဖွဲ့သို့ ယနေ့နံနက် (၁၀) နာရီအချိန်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား အဆင် ပြေစေရေးအတွက် အိမ်ထောင်စု(၁)စုလျှင် ပထမအကြိမ် (ဆန်၊ဆီ၊ ဆား၊ ကြက်သွန်)၊ ဒုတိယ အကြိမ် ငွေကျပ် (၁၅၀၀၀)၊ တတိယအကြိမ်ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး အိမ်ထောင်စု (၇၅၆၁) စုအတွက်  စတုတ္ထအကြိမ် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့်  ငွေကျပ်သိန်းပေါင်း (၁၅၀၀) ကျော်အား ဆက်လက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ငြိမ်းမင်းထွန်း (တန့်ဆည်)