လွိုင်ကော် သြဂုတ် ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသား များဖြစ်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအား ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပန်းခင်းစီမံချက်အရ ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို သြဂုတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာများနှင့်တပ်ရင်းတပ်ဖွဲ့ များတွင်ဆောင်ရွက်ပေးခဲ့သည်။
ယနေ့အထိကယားပြည်အတွင်းရှိ မြို့နယ်( ၇) မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (၈)စု၊ လူဦးရေ (၃၆)ဦး/အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်(၅၀)ဦး၊ အသက်(၁၈)နှစ်ပြည့်နိုင်ငံ သားစိစစ်ရေးကတ် (၁၂)ဦး/အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် လဲလှယ်(၇၀)ဦး)/မိတ္တူ (၁၄)ဦး/ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၁၄၆)ဦးအားဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)