တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂၀၂၁)ကျင်းပ

 

ထားဝယ်  သြဂုတ်  ၂၀

တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၁)ကိုယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပ သည်။

အစည်းအဝေးတွင်တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ယခုလက်ရှိဖြစ်ပေါ် နေသော ကိုဗစ်-၁၉ ရောဂါပိုးများကိုမြန်မြန် ပြီးပြတ်အောင်ကုသရေးလုပ်ငန်းများဆောင်ရွက်သွားရမည်ဖြစ်ပြီး အောက်ဆီဂျင်ဖူလုံမှုရရှိအောင် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း ၊ထားဝယ်ခရိုင်(၄)မြို့နယ်တွင်တစ်ရက်လျှင် ၄၀ လီတာဆံ့အောက်ဆီဂျင်အိုး ၄၀ ကျစက်(၁)လုံး၊ ၁၀၀ အိုး ကျစက် (၂)လုံး၊ ၂၀၀ အိုးကျစက်(၁)လုံး စုစပေါင်း(၄၄၀)ရရှိနိုင်သည့် အတွက်အဆင်ပြေကြောင်း၊မြိတ်မြို့နယ်တွင် တစ်ရက် လျှင် ၄၀ လီတာ အလုံး ၂၀၀ ကျ စက်(၁)လုံးတည်ဆောက်လျက်ရှိပြီး တန်(၂၀)ထည့်သွင်းသိုလှောင်နိုင်သည့် အောက်ဆီ ဂျင် အရည်စက်ရုံတစ်ခုရောက်ရှိတပ်ဆင်လျှက်ရှိကြောင်း၊၄င်းစက်သည်တစ်ကြိမ်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၂၆၀၀ ခန့်ရရှိနိုင်မှာဖြစ် ကြောင်း၊ကော့သောင်းမြို့နယ်တွင် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပထမအဆင့် ၄၀ လီတာအိုး ၁၀၀ လုံးကျစက် တစ်လုံးနှင့် ၂၀၀ လုံးကျစက်တစ်လုံးမှာယူထားပြီး ရက်ပိုင်းအတွင်းရောက်ရှိမှာဖြစ်ကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်များကိုခရိုင်မြို့နယ်များတွင်ထားရှိခြင်းဖြင့် ခရိုင်အတွင်းမြို့နယ်များ၏လိုအပ်ချက်များကိုလွယ်ကူလျင်မြန်စွာဖြည့် ဆည်းပေးနိုင်မှာဖြစ်ကြောင်း၊ ဒုတိယအဆင့်မြို့နယ်အလိုက် လိုအပ်သည့်အတိုင်းအတာထိပြည့်စုံအောင်စီစဉ်ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊ အတိုင်းအတာတစ်ခုအနေဖြင့် ပြည်စုံနေပြီဖြစ်သော်လည်း ထပ်မံလိုအပ်လာပါက ဖြည့်ဆည်း ပေးသွားမှာဖြစ်ကြောင်း၊ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက်သွားလာရေးများကိုလည်းကန့်သတ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်သစ်လွင်ထူးက  လိုအပ်သည်များဖြည့် စွက်​ဆွေးနွေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ကော်မတီဝင်များက  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းများအခြေအနေများကို အကြံပြုဆွေးနွေးရာ တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

  (တိုင်းဒေသကြီးပြန်/ဆက်)