ရသေ့တောင်မြို့နယ်၌ မိုးသန်းထန်စွာရွာသွန်းမှုကြောင့် အငူမော်- ဘူးသီးတောင် ကျေးရွာချင်း ဆက်ကျောက်ချောလမ်းပိုင်း တောင်ကျရေတိုက်စားမှုကြောင့် လမ်းပဲ့ပျက်စီး

 

ရသေ့တောင် သြဂုတ် ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေ တိုက်စားမှုကြောင့် ယမန်နေ့ ညနေ ၅ နာရီက အငူမော် - ဘူးသီးတောင် ကျေးရွာချင်းဆက် ကျောက်ချောလမ်း မိုင်တိုင်အမှတ် (၂၃/၀) အနီး လမ်းပဲ့ထွက်ပျက်စီး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပျက်စီးသွားသည့် လမ်းပိုင်းမှာ သြဂုတ် ၁၈ ရက် နေ့က မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျရေတိုက်စားရာမှ အထက်နန်းရာ ကျေးရွာဟောင်းတံတား-၈  မိုင်တိုင်အမှတ် (၂၃/၀) အနီး လမ်းဘေး အရှည် ၇၀ ပေ၊ အနက် ၁၁ ပေခန့် ပျက်စီးသွားခဲ့ပြီး အမြန်ပြန်လည်ပြုပြင် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်စံထွန်း