မြေပုံ ၊ ဩဂုတ် -၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ကိုဗစ်-၁၉ ရောဂါပျံနှံ့ကူးစက်မှုမရှိစေရေးအတွက် Mask Campaign လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျှက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်ချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းပြီး ယနေ့နံနက် (၉:၃၀) နာရီမှစတင်၍ ဈေးလမ်းဆုံများ၌ ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား ကိုဗစ်-၁၉ ရောဂါပျံနှံကူးစက်မှုမရှိစေရေးအတွက် Mask များအခမဲ့ဖြန့်ဝေပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများက ဈေးရောင်းဈေးဝယ်သူများအား Mask များကိုအခမဲ့ဖြန့်ဝေ ပေးခြင်း၊ ဟောင်းနွမ်းနေသော Mask တပ်ဆင်ထားသူများအား အသစ်လှဲလှယ်ခြင်းများပြုလုပ်ကြပြီး၊ အတတ်နိုင်ဆုံး မိမိနေအိမ်တွင်နေထိုင်ကြရန်၊ မဖြစ်မနေအိမ်အပြင်ထွက်ရပါက Mask ကိုစနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာ/လက်သန့်စင် ဆေးရည်တို့ဖြင့်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ ရောဂါသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆက်သွယ်ကာ စစ်ဆေးကုသမှုခံယူကြရန် ပြောကြားခဲ့ကြောင်းသိရသည်။
တင်ဝင်း