ငါးသိုင်းချောင်း ဩဂုတ် ၁၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အားကစားနှင့်ကာယပညာကော်မတီသို့ အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနား၌ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်က သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဦးစီးဌာန တို့မှ ဆက်လက်ဆောင်ရွက်သွားမည့် အားကစားကဏ္ဍမြှင့်တင်ရေး အစီအစဉ်များနှင့် အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးနှင့် တိုင်း၊ ခရိုင် ၊မြို့နယ် အား/ကာ ဦးစီးဌာန တာဝန်ရှိသူများက ငါးသိုင်းချောင်း မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဟာတင်နှင့် ကော်မတီဝင်များသို့ အားကစားပစ္စည်းများ ထောက်ပံ့အပ်နှံပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့ ပြည်သူ့အားကစားကွင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြို့အား/ကာ ကော်မတီဝင် များနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်းသိရပြီး ငါးသိုင်းချောင်းမြို့ အားကစားကဏ္ဍမြှင့်တင်ရေးအတွက် ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပစ္စည်း တိုင်၊ ပိုက်တန်းနှင့် ဆက်စပ်ပစ္စည်းအစုံ၊ ကန်ဘောလုံးများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)