ဒေါပုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်

ဒေါပုံ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ ထံသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၃၉၆၇) အတွက် စုစုပေါင်းငွေကျပ် (၇၉၃)သိန်း (၄)သောင်း  ထောက်ပံ့ခြင်း ကိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့လွှဲပြောင်း ပေးအပ် ခဲ့ ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)