ကိုဗစ်-၁၉ ကာလပိတ်ရက်အတွက် လက်ပံတန်းမြို့နယ်မှ အာမခံအလုပ်သမား (၁၅)ဦးအား လူမှုဖူလုံရေး အကျိုး ခံစားခွင့် (၄၀) ရာခိုင်နှုန်း အကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေး

လက်ပံတန်း ဩဂုတ်၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲမှကိုဗစ်- ၁၉ ကာလပိတ်ရက် အတွက် လူမှုဖူလုံရေးအကျိုး ခံစားခွင့် (၄၀) ရာခိုင် နှုန်းရရှိသော  အာမခံအလုပ် သမား(၁၅)ဦးအတွက် လူမှုဖူလုံရေး အကျိုး ခံစားခွင့် ထုတ်ပေးခြင်းကို ယမန်နေ့က လက်ပံတန်းမြို့နယ် လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရောင်ခြည်ဦး စားသောက်ဆိုင်ရှိ အာမခံ အလုပ်သမား(၁၅)ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုး ခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုငွေ (၃၂၄၀၀၀)ကျပ်ကို မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာဝင်းမှ တာဝန်ခံအား ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင့်နန္ဒာဌေး