စစ်ကိုင်းတိုင်းဒေသကြီးဝက်လက်မြို့နယ် ဘင်တဲကုန်းကျေးရွာတွင် အကောင်ထည်ဖေါ် ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း ( VRFP) ရန်ပုံငွေ ထုတ်ချေး

ဝက်လက်  သြဂုတ် ၁၃

စစ်ကိုင်းတိုင်ဒေသကြီး၊ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် ဘင်တဲကုန်း ကျေးရွာတွင် အကောင်ထည်ဖေါ် ဆောင်ရွက်မည့် ကျေးရွာ မတည်ရန်ပုံငွေ  စီမံကိန်း (VRFP) ရန်ပုံငွေကို ယနေ့ နံနက် (၁၁) နာရီ အချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး (၁၄၈) ဦး အတွက် (၂၅၂၅၀၀၀၀) ကျပ်၊ မွေးမြူရေး (၂၆) ဦး အတွက် (၂၆၅၀၀၀၀) ကျပ်၊ သက်မွေး (၁၆) ဦးအတွက် (၁၆၀၀၀၀၀) ကျပ် ၊ ရောင်းဝယ်ရေး (၁) ဦး အတွက် (၁၀၀၀၀၀)ကျပ် ၊ စုစုပေါင်း (၂၉၆၀၀၀၀၀)ကျပ် ထုတ်ချေးပေးသည်။ ကျေးရွာ မတည်စီမံကိန်း (VRFP) ရန်ပုံငွေ ထုတ်ချေးပေးရာတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ၏ လမ်းညွှန် ချက် နှင့် အညီ ထုတ်ချေးပေးသည်။

အဆိုပါ ချေးငွေ ထုတ်ချေးပေးရာ ဘင်တဲကုန်း ကျေးရွာသို့ဝက်လက်မြို့နယ်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ၊  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသီဟန်လင်း နှင့် ဝန်ထမ်းများ က လိုက်ပါဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)