ကျိုက်လတ် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၆)ဦး ကျန်းမာရေးကောင်းမွန်စွာဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ်တွင် ဩဂုတ် ၁၈ရက်နေ့ မွန်းတည့်(၁၂)နာရီအထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများမှာ မြို့နယ်ပြည်သူ့ဆေးရုံတွင်(၁၄)ဦး၊ ရုံးဒေါင့်တိုက်နယ်ဆေးရုံတွင် (၄)ဦး စုစုပေါင်း (၁၈)ဦး ဆေးကုသမှုခံယူလျက်ရှိပြီး၊ ယနေ့တွင်ဆေးရုံဆင်းလူနာ (၆)ဦးရှိကြောင်းသိရသည်။ ၎င်းလူနာများအနက် (၁၄) ဦးအား အောက်စီဂျင်ပေး၍ ကုသလျက်ရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ယနေ့အထိ ကျိုက်လတ်မြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း(၃၆၄)ဦး၊ ကုသဆဲလူနာ(၁၈)ဦး၊ သေဆုံးလူနာ ပေါင်း (၅၀)ဦးနှင့် ဆေးရုံဆင်းသူစုစုပေါင်း(၂၉၆)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း ပိုးတွေ့လူနာများ လျော့နည်းသွားသော်လည်း မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ပါက အပြင်မထွက်ရန် ၊မဖြစ်မနေအပြင်ထွက်ပါက mask ကို စနစ်တကျတပ်ဆင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာသွားလာနေထိုင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်းများဆောင်ရွက်ရန်၊နေမကောင်း ဖျားနာပါက ဆေးရုံ ဆေးခန်းမသွားပဲ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းကုသနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအား လိုက်နာဆောင်ရွက်ရန်အသိပေးကြေညာခြင်းများကိုလည်းနေ့စဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ဌေးဌေးလှိုင်