ဂွ သြဂုတ် ၁၉
ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ဂွမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့(၉)ဖွဲ့အတွက် PPEဝတ်စုံ၊ Mask၊ ခေါင်းစွပ်၊ Hand gel၊ လက်သန့်ဆေးရည်နှင့် face shield များကို ယမန်နေ့ ညနေပိုင်းက ကင်းရုံးလူငယ်ပရဟိအသင်းအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ဂွမြို့နယ်ကိုယ်စားလှယ် ဦးသန်းဝင်းသည် မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့(၉)ဖွဲ့အတွက် PPEဝတ်စုံ(၆)စုံ၊ KN-95 Maskအမျိုးအစား(၁၅)ဘူး၊ ရိုးရိုးMask (၆)ဘူး၊ ခေါင်းစွပ်(၁၀၀)ခု၊Handgel(၂၄)ဘူး၊လက်သန့်ဆေးရည်(၂)လီတာခွဲ(၁)ဘူးနှင့်face shield (၂၀)ခုတို့ကို ကင်းရုံးလူငယ်ပရဟိတအသင်းအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် လက်ခံရရှိသောပစ္စည်းများကို အခြားလူမှုရေးအသင်းအဖွဲ့များသို့ ဆက်လက်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်