ပေါင်းတည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်

ပေါင်းတည်  သြဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ယနေ့တွင် မြို့နယ်မီးသတ် ဦးစီးမှူးရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များသည် သဘာဝ ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လျှင်မြန်ထိရောက်စွာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရန် မြို့နယ်မီးသတ်ဦးစီးမှူးရုံးသို့ အချိန်မရွေးဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် ဖုန်းနံပါတ်များလည်း ကြေညာ ထားကြောင်းသိရသည်။
ချစ်နှင်းသုန်