ကန့်ဘလူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်မြစ်ကျင်းကျေးရွာအနီး ကွန်ကရစ်လမ်း ၂၅ ပေခန့်ပျက်စီး

ကန့်ဘလူ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဩဂုတ် ၁၆ ရက်နှင့် ၁၇ ရက်နေ့များက မိုးသည်းထန်စွာ သွန်းခဲ့ ခြင်းကြောင့် ကန့်ဘလူ- ထန်းကုန်း- ကာဘိုးလမ်းပေါ်ရှိ  ချင်မြစ်ကျင်းကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ကွန်ကရစ်လမ်းပိုင်းသည် ရေတိုက်စားမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ၂၅ ပေ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

ကန့်ဘလူ- ထန်းကုန်း- ကာဘိုးလမ်း ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်းကျေးရွာနှင့် တင်ကုတ်ကြီးကျေး ရွာအကြား ချင်မြစ်ကျင်းကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ကွန်ကရစ်လမ်းပိုင်းသည် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် သိန်ရင်ချောင်း ရေလျှံရေကျော်ပြီး ရေတိုက်စားခဲ့၍  ကွန်ကရစ်လမ်းအရှည် ၁၈ ပေ၊လမ်းအ ကျယ် ၁၅ ပေ၊ ထု ၈ လက္မ၊ မြေသားအနက် ၄ ပေခန့်ကျွံကျပျက်စီးသွားခဲ့ရာ ယာဉ်ကြီး ယဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ  ကွန်ကရစ်လမ်းပိုင်း ပျက်စီးမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကန့်ဘလူမြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အများပြည်သူနှင့် ယာဉ်များ ယာယီဖြတ်သန်းသွားလာနိုင်ရေး ကျောက်၊ သဲ၊ မြေများဖို့၍ ပြုပြင်ခဲ့ရာ ယခုအခါ ယာဉ်ငယ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွာလာနိုင် ပြီဖြစ်ကြောင်းနှင့် ဆက်လက်၍ ယာဉ်ကြီးများ ပါဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဒေါ်နွေးတင့်လှိုင်က ပြောကြားသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)