ကျိုက်မရော သြ ဂုတ် ၁၃
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့် လှစ်သော ကျေးလက်ဒေသနေ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ်က လှကဇိုင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့က အမှာစကား ပြောကြားပြီး မွန်ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးမောင်ကကျေးလက် ဒေသမှ အမျိုးသမီးများအတွက် အိမ်မှာနေရင်း မိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးပြည့်ဦးကိုကိုက သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံအပ်ချုပ်စက်သင်တန်းသို့ လှကဇိုင်းကျေးရွာမှ သင်တန်းသူ (၂၀) ဦးတက်ရောက် ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပါတ် (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ချိုချို(ပြန်/ ဆက်)