တာချီလိတ်မြို့၌ ဝါဆိုသံဃာတော်များအား ဆွမ်းဆန်စိမ်းများသွားရောက်ဆက်ကပ် လှူဒါန်း ပေး

 

 

တာချီလိတ် ဩဂုတ် ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ဝါတွင်းကာလ ဝါဆိုသံဃာတော်များသီတင်း သုံးရာ ကျောင်းတိုက်သို့ နိုင်ငံတော်မှထောက်ပံ့လှူဒါန်းပေးသည့် ဆွမ်းဆန်စိမ်းနှင့်အလှူရှင် များမှ ထောက်ပံ့လှူဒါန်းသည့်ဆွမ်းဆန်စိမ်းအလှူတော်များကို ယမန်နေ့က ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များက မြို့တွင်းကျောင်းတိုက်များသို့ သွားရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။

 

ထိုသို့ ကျောင်းတိုက်များသို့ သွားရောက်လှူဒါန်းရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့်အတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ သာသနာ ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဝါတွင်းကာလ ဝါဆိုကြသည့်သံဃာတော်များ ဆွမ်းအခက် အခဲမရှိစေရန် နိုင်ငံတော်နှင့်အတူအလှူရှင်များက ထောက်ပံ့လှူဒါန်းပေးသော အခြေခံစား သောက်ကုန်ဖြစ်သည့် ဆွမ်းဆန်စိမ်းများကို သွားရောက်လှူဒါန်းခဲ့ကြရာ ဝေဠုန်ဝန်ကျောင်း တိုက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊မဟာဂန္ဓာရုံသဒ္ဓမ္မဝိဟာရ သာမဏေကျော်ကျောင်းတိုက်၊ မဟာမြတ်မုနိကျောင်းတိုက်နှင့် တောင်တန်းသာသနာပြုဝန်ထမ်းကုန်းကျောင်းတိုက်များသို့ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။

 

တာချီလိတ်မြို့နယ်တွင် ဘုန်းကြီးကျောင်း (၂၄၅)ကျောင်းရှိပြီး ဝါဆိုသံဃာတော် ၃ထောင်ကျော် ရှိကာ ဆွမ်းဆန်စိမ်းအလှူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှ တစ်ဆင့် ပေးဝေလှူဒါန်းသွားရန်စီစဉ်ထားကြောင်း တာဝန်ရှိသူတစ်ဉီးထံမှသိရှိရသည်။

 

ယာဆေး