ကျိုက်မရော သြဂုတ် ၁၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျလာစေရန် အသိပေးနှိုးဆော်ခြင်းများနှင့် စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်ခြင်းများကို နေ့စဉ်အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ယမန်နေ့ ညနေပိုင်းက လူအသွားအလာများသည့် လမ်းဆုံများနှင့် စပယ်ဂူတံတားထိပ်တို့၌ အဖွဲ့နှစ်ဖွဲ့ခွဲကာ ပါးစပ်ပိတ် နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေကြ သည့် အိမ်ပြင်ထွက်သူများ၊ ခရီးသွားလာကြသူများအား စစ်ဆေးအရေးယူ ပညာပေးမှုများ ပြုလုပ်ခဲ့ ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာ၌ လမ်းသွားလမ်းလာများ၊ မြို့နယ်ပြင်ပသွားလာသူများကို ခရီးသွား ရာဇဝင်များ စစ်ဆေးပြီး သက်ဆိုင်ရာ ထောက်ခံချက်ပါ/မပါ၊ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်း စည်း တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်းနှစ်ခုပေးပြီး ဒဏ်ငွေ ၅၀၀ ကျပ်ပေးဆောင်စေကာ အခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၈ ရက်မှ ယနေ့ထိ(၁၀၈)ဦးအား ဒဏ်ငွေရိုက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး