ဝေါမြို့နယ်တွင် အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ဝေါ သြဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်ရေးနှင့် အရေးပေါ်တုန်ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက်  ယမန်ရက်နေ့နံနက် ၁၁ နာရီက အလှူရှင်များမှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောင်စီဂျင်စက် တည်ဆောက် နိုင်ရေးအတွက် ဖိုးဦးစိန်ကျေးရွာ ဦးသီဟနှင့်အဖွဲ့မှ သုံးသိန်းကျပ်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးတင်ထွဋ် မိသားစုမှ တစ်သိန်းကျပ်တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း