ပေါက်တော ဩဂုတ် ၁၇
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သဝင်ချောင်း ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ကျေးရွာအဝင် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်းနှင့် ဝန်ထမ်းများက သွားရောက်စစ်ဆေးကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းမှာ ကွန်ကရစ်လမ်း အရှည် ၄၃၉ ပေ၊ ထုတည် ခြေက်လက်မ၊ အကျယ်ခြောက်ပေရှိပြီး ကျေးရွာ မြစိမ်းရောင်စီမံကိန်း အတိုး ရငွေ ၅၀ သိန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ သိန်း စုစုပေါင်း ၇၀ သိန်းဖြင့် ဆာင်ရွက်ခဲ့ပြီး လုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး