ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကြို့ပင်ကောက် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစား ပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အရှေ့ဘက် မဟာလောကသီရိ ဘုရားကြီး တွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသော စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေသူများအား နံနက် ၉ နာရီမှ စ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၈၂၃) ဦးတွေ့ရှိခဲ့ပြီးသက်သာပျောက်ကင်း ၍ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၆၉၆) ဦးရှိကြောင်း ကိုဗစ်-၁၉ ကုသရေးစင်တာမြို့နယ်ပြည်သူ့ဆေးရုံးနှင့် တိုင်းရင်းဆေးရုံ တို့တွင် အောက်စီဂျင်ရှုနေရသူ (၂၃) ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးသူ (၅၈)ဦးရှိခဲ့ကြောင်း ဇူလိုင်လ အတွင်းမှာ အများဆုံးကူစက်ခံရပြီး ယခုဩဂုတ်လ ဒုတိယပတ်မှာလည်း ကူးစက်မှုကျဆင်း လာ ကြောင်း တတိယလှိုင်းပြီး၍ စတုတ္ထလှိုင်းရောက်လာနိုင်တဲ့အတွက် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များကို ဆက်လက်ပြီး လိုက်နာနေထိုင်သွားစေ လိုကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများခွဲ၍ ထိုးနှံပေးခဲ့ရာ စုစုပေါင်း ကာကွယ် ဆေးလုံးရေ (၂၄၀၃)လုံးကို (၄၈၀၃)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ဆက်လက်ပြီး ကာကွယ်ဆေးရရှိမှု အပေါ် မူတည်ပြီး ဦးစားပေးအုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)