ကဝ သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ခမဲပြင်သဘာဝရေပြင်၌ ယနေ့နံနက် ၉ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးမျိုးဖြုန်းတီးမှု မရှိစေရန် ရည်ရွယ်၍ ခမဲပြင်ကျေးရွာ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကိုဗစ်- ၁၉ဆိုင်ရာ စည်းကမ်း ချက်များ နှင့်အညီကျင်းပသည်။
အဆိုပါ အခမ်းအနား တွင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးမင်း၊ ခရိုင်ဦးစီးမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်မောင်ဖုန်းနှင့် ငါးမျိုးဆက် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ ငါးမြစ်ချင်းသားပေါက်ကောင်ရေ နှစ်သိန်းလေးသောင်း၊ငါးခုံးမကြီးကောင်ရေ (၁)သိန်း ၊ စုစုပေါင်း ငါးကောင်ရေ သုံးသိန်း လေးသောင်း ခမဲပြင် သဘာဝရေပြင်အတွင်းသို့ ငါးမျိုး စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်