သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် Oxygen Plant စက်ထားရန် အဆောက်အဦ ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

လက်ပံတန်း ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့်အဖွဲ့ဝင်(၂)ဦးမြင့်သူ တို့သည် ယနေ့နံနက် ၉နာရီက လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် Oxygen Plant စက်ထားရန် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့်အဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့်မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း အထောက်အကူပြု အဖွဲ့ဝင်များ နှင့်အတူ Oxygen Plant စက်ရောက်ရှိလာပါကထားရှိမည့် နေရာပြင်ဆင် ဆောင်ရွက်ထားရှိမှုအား ကြည်ရှုစစ်ဆေးခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ပံတန်းမြို့ နယ်ပြည်သူ့ ဆေးရုံ ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်ရမည့်အချက်များ၊ Oxygen Plant စက်ရောက်ရှိချိန်တွင် ပိုက်လိုင်းများ တပ်ဆင်ပြီးစီးအောင်ဆောင်ရွက်ထားရှိရန်အချက်များအားမှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် မြို့မဈေးရှိ ယာယီသားငါးဈေးတန်း ဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ လက်ရှိ ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့ချစေရန် ဆောင်ရွက်ထား ရှိမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်မှ ရှင်းလင်းတင်ပြခဲ့မှုအား ဆောင်ရွက်ချက်များ ကောင်းမွန်သဖြင့် အရှိန်မပြတ်ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားရန်လမ်းညွန်မှာကြားခဲ့ကြောင်းသိရ သည်။

ဝင့်နန္ဒာဌေး