နတ်မောက်မြို့နယ် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာခံစားသူများ ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ပိုးလာရောက်စစ်ဆေး

                                                                                      

နတ်မောက် သြဂုတ် ၁၆    

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရပ်ကွက်/ကျေးရွာများရှိအနံ့ပျောက်ဝေဒနာခံစား  ရသူ ပြည်သူများက ယနေ့နံနက် ၁၁ နာရီအချိန်ပိုင်းတွင် နတ်မောက်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ပိုး လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ ပိုးစစ်ဆေးရာတွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာခံစားရသူ  (၃၀) ဦးတို့အား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၃)ဦးတို့ကို မြို့ပေါ်ရှိပြည်သူ့ဆေးရုံကြီးနှင့် ကိုဗစ်-၁၉ကာကွယ်၊ ကုသရေးစင်တာများသို့ထားရှိပြီး အထူးကြပ်မတ်ကာ မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန် ဒေါက်တာမောင်မောင်ချင်းနှင့်အဖွဲ့တို့က ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။

 

ဝင်းမေထွန်း(နတ်မောက်)