မြင်းမူမြို့နယ်တွင် မိုးစပါးဧက(၄၈၀၀)ကျော်စိုက်ပျိုးပြီးစီး

 

                                                                       

မြင်းမူ ဩဂုတ် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၁-ခုနှစ် မိုးရာသီအတွင်း မိုးစပါး (၁၃၈၂၀)ဧကစိုက်ပျိုးရန်  လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရှိရသည်။

 

မြို့နယ်အတွင်းရှိဒေသခံတောင်သူအများစုမှာ မနောသုခစပါးမျိုးကို အများအပြားစိုက်ပျိုးလျက် ရှိကြောင်း၊ မျိုးကွဲစပါးများဖြစ်သည့် ဆင်းသုခ၊  ဧရာမင်းနှင့်ပေါ်ဆန်းစပါးများကိုလည်း စိုက်ပျိုး ကြကြောင်း၊  မိုးကောင်းသောက်လယ်အနည်းငယ်သာရှိပြီး  မြို့နယ်အတွင်းရှိ ပျော့ရွာလက္ကပင်၊ ကျွဲရိုက်၊ မြစ်ပေါက်၊ အုန်းပင်၊ သာယာပေါင်း၊ ဆပ္ပန်းကုန်းနှင့် ဆိပ်သာကျေးရွာများတွင် လျှပ်စစ် မြစ်ရေတင်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုချိန်ထိ   မနောသုခ(၄၄၆၇)ဧက၊ ဆင်းသုခ(၂၉၄) ဧက၊ ဧရာမင်း(၃၁)ဧကနှင့်ပေါ်ဆန်းမွှေး(၈)ဧကစုစုပေါင်း(၄၈၀၀)ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးမှုးဦးရဲမြင့်သိန်းထံမှသိရှိရသည်။

 

မြင်းမူမြို့နယ်အနေဖြင့်    လျာထားချက်ပြည့်မီအောင်စိုက်ပျိုးပြီးစီးပါက  ယမန်နှစ်ထက်မိုးစပါး (၂၃၉၈)ဧက  ပိုမိုစိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)