သဲကုန်း သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှပြည်သူများ အောက်ဆီဂျင်ကျ၍ အသက်အန္တရာယ်ကြုံတွေ့လာပါက အသက် ကယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံများအတွက် OXYGEN CONCENTRATOR များ ပေးပို့လှူဒါန်းခဲ့ရာ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံအတွက် OXYGEN CONCENTRATOR(၃)လုံး ရရှိခဲ့သည်။
အဆိုပါ OXYGEN CONCENTRATOR(၃)လုံးအား ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ဝင်းထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်အေးတို့မှ မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)