ဝက်လက် သြဂုတ် ၁၅
စစ်ကိုင်းတိုင်ဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် အဖြစ် လူဦးရေ ၅၀၀၀ ဦးကို ထိုးနှံပြီးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို ရဟန်းသံဃာများ ၊ ကာကွယ်ဆေး မထိုးရသေးသည့် ဝန်ထမ်းများ ၊ ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ ပုဂ္ဂလိက ဆေးခန်းများမှ ဝန်ထမ်းများ ၊ စက်ရုံ ၊အလုပ်ရုံများတွင် လုပ်ကိုင်နေသူများ ၊ဘိုးဘွာ ရိပ်သာမှ သက်ကြီး ဘိုးဘွားများ ၊သီလရှင်များ၊ကိုဗစ် - ၁၉ ထိန်းချု်ရေးတွင် လုပ်ကိုင်ဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းများ ၊ စျေးရောင်းချသူများ ကို ထိုနှံပေးပြီးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ဝက်လက် မြို့နယ်အတွင်း စုရပ် သုံး ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ ၊ သြဂုတ်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့ များတွင် လူဦးရေ ၂၀၀၀ ဦး ကို လည်ကောင်း၊ သြဂုတ်လ ၇ ရက် ၊ ၈ ရက် ၊ ၉ ရက် နေ့မျာတွင် လူဦးရေ ၂၀၀၀ ဦး ကိုလည်ကောင်း ၊သြဂုတ်လ ၁၄ ရက်နေ့ တွင် လူဦးရေ ၁၀၀၀ ဦး ၊ စုစုပေါင်း လူဦးရေ ၅၀၀၀ ဦးကို ပထမအကြိမ်အဖြစ် ထိုးနှံပြီးကြောင်း ကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)