ဝက်လက် သြဂုတ် ၁၅
စစ်ကိုင်တိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့သူများ နှင့် စက်စပ်သူများ Quarantine Center များသို့ ရောက်နေသူများကို ကျန်းမားရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့ မှ စတင်၍ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ အထိအထိ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိသူ စုစုပေါင်း ၅၂၇ ဦး ၊ ကုသဆဲ ၉၃ ဦး ၊ ရောဂါပျောက်ကင်း၍ မိမိတို့ နေအိမ်သို့ ပြန်လည်နေထိုင်ခွင့် ပြုသူ ၃၈၉ ဦး ၊သေဆုံးသူ ၄၅ ဦး ရှိကြောင်းကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ထံမှ သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ပျောက်ကင်း၍ မိမိနေအိမ်သို့ ပြန်လည်နေထိုင်ခွင့် ပြုသူများ မှာ ကိုဗစ် လက္ခဏာ သတင်းပေးပို့သူများကို စစ်ဆေးရာ မြို့နယ်အတွင် Quarantine Center နှစ်ခု မှ ကျန်မာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာမှ ကိုဗစ် - ၁၉ ရောဂါပျောင်ကင်း၍ မိမိတို့နေအိမ်များ သို့ ပြန်လည်နေလည် နေထိုင်ခွင့်ပြုသူ ၃၈၉ ဦးကို နေအိမ် ပြန်ရောက်ပြီး Home Quarantine ခုနှစ်ရက် နေထိုင်စေကြောင်းလည်း သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)