ကနီ သြဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီးဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ(၁၃)ရက်နေ့ နံနက်ပိုင်း၌ ကနီမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကနီမြို့ပေါ်ရှိ ရဟန်း၊သံဃာ၊ သီလရှင်များ ဝန်ထမ်းများ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှု့အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများ၊ နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြို့နယ်အတွင်းဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများ၊ နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစက် ဆောင်ရွက်ပေးကာ ဝန်ထမ်းများနှင့် Volunteer များအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ အောက်ဆီဂျင်(၁၀)လုံးနှင့် စားသောက်ဖွယ်ရာများ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆလိုင်း(ပြန်/ဆက်)