ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင် ထွက်ခွာခွင့်ကတ်ပါရှိမှု ရှိ/မရှိစစ်ဆေး

ဂွ သြဂုတ် ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချူပ်နိုင်ရေး လုပ်ငန်းများကို  အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများထံမှ နေအိမ်ပြင်ပထွက်ကတ်ပါရှိမှု  ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဂွမြို့နယ်၊ နယ်မြေခံတပ်ရင်းခမရ(၅၆၂)နှင့် ခမရ(၅၆၃)တို့မှ တာဝန်ရှိသူများနှင့်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းရေးအဖွဲ့များသည် နံနက်ပိုင်းတွင် မီးပွိုင့်လမ်းဆုံ၌ လည်းကောင်း၊ ညနေပိုင်းတွင်တွင် DANKO ဆီဆိုင်ရှေ့၌ လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ အကြောင်းမဲ့ ထွက်ခွာမှုမရှိစေရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာပါက Maskတပ်ဆင်ရန်၊ ကျန်းမာရေးကိစ္စမှအပအကြောင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်း မပြုရန်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာ ပြင်ပထွက်ခွင့်ကတ်ပြားအား ယူဆောင်လာရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာရာတွင် ပြင်ပထွက်ခွင့်ကတ်ပြား ကိုင်ဆောင်ထားမှု ရှိ/မရှိကို စစ်ဆေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်း