ပုသိမ် သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ပြည်သူများ တာဝန်နှင့်နာရေးမှအပ နေအိမ်ပြင်ပ ထွက်ခွာ၊ သွားလာခွင့်မရှိစေရန် ပညာပေးနှိုးဆော်ခြင်းကို ကိုးဆူစစ်ဆေးရေး ဂိတ်နှင့် မိုးလေဝသလမ်းဆုံတို့၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပညာပေးနှိုးဆော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ကိုဗစ်- ၁၉ ရောဂါ ပိုးကူးစက်ပျံနှံမှုကို ကာကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်ရန်အတွက် အကြောင်းပြချက် တစ်စုံတရာမရှိဘဲ သွားလာနေသော ဆိုင်ကယ်များ၊ ကားများအား တားဆီးစစ်ဆေး၍ ပညာပေးခြင်း ထို့အပြင် ၁၂ နာရီ နောက်ပိုင်း သွားလာပါက ကျန်းမာရေး ကိစ္စနှင့်အခြားအရေးကြီးကိစ္စများရှိမှသာ နေအိမ်ပြင်ပသို့ ထွက်ခွာရန်နှင့် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
နုရီ