ဝန်းသို ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြို့မစည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေး ခြင်း၊ Mask နှာခေါင်းစည်းများတပ်ဆင်ထားခြင်း ရှိ/မရှိနှင့် သတ်မှတ်နေရာများတွင် ဈေးရောင်းချမှုရှိ/ မရှိ စစ်ဆေးခြင်းတို့ကို မြို့နည်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက နေ့စဉ်ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဝန်းသိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အဝတ်အ ထည်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များကို ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ် ရောင်းချခွင့်ပြု ထားလျက်ရှိရာ အဆိုပါဆိုင်များပြန်လည် ဖွင့်လှစ်ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီရောင်းချမှုရှိ/မရှိတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)