ဆားလင်းကြီး ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်းလျော့ချနိုင်ရန်၊ ရောဂါပြန့်ပွားမှုအား ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်အတွက် တတိယအသုတ်ရရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်င်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ထိုးနှံပေးခြင်းကို ယနေ့နက် ၉နာရီအချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တတိယအသုတ် ထပ်မံရရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်င်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram)ကို ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်သံဃာ၊သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ Super Market နှင့်စျေးများမှ ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက နေ့စဉ်ကြီးကြပ်ပေးလျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဥမ္မာ