မုံရွာမြို့ပေါ်အတွင်းရှိ နေရာ(၅)နာရာ၌ စုစုပေါင်း (၁၄၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

မုံရွာ သြဂုတ် ၁၄ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံနှင့် ဖူဆယ်အားကစားရုံ၊ အ.ထ.က (၃)ကျောင်းနှင့် အ.ထ.က(၇)ကျောင်း စသည့်နေရာ(၅)ခု၌ ယနေ့နံနက် (၉)နာရီက စတင်ပြီး စုစုပေါင်း (၁၄၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့(၆)ဖွဲ့မှ သတ်မှတ်နေရာ(၅)နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက် သံဃာတော်/သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိက ဟိုတည်/မိုတယ်/တည်းခိုးခန်းများနှင့်၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ စုစုပေါင်းလူဦးရေ (၁၄၀၀)ဦးကို တစ်ပြိုင်နက် ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံရရှိပါက သတ်မှတ်ရက်ပြည့်သည့်အခါ ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။ မုံရွာမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်များနှင့် အညီ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးအဖွဲ့များက သြဂုတ်လ (၇)ရက်နေ့မှ သြဂုတ်လ(၉)ရက်နေ့အထိ စုစုပေါင်း လူဦးရေ (၃၅၀၀)ဦးနှင့် ယနေ့ သြဂုတ်လ(၁၄)ရက်နေ့တွင် ပထမအကြိမ်အဖြစ် လူဦးရေ(၁၄၀၀)ဦး၊ စုစုပေါင်း လူဦးရေ (၄၉၀၀)ဦးကို စနစ်တကျ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။