ဂွမြို့နယ်တွင် သံသယလူနာ (၁၉)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၊ ဆေးရုံဆင်းလူနာ (၁၀)ဦးနှင့်ကုသဆဲလူနာ စုစုပေါင်း(၈၃)ဦးရှိကြောင်းသိရ

ဂွ  သြဂုတ်  ၁၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သံသယလူနာ (၂၂)ဦးကို စစ်ဆေးခဲ့ရာ သံသယလူနာ(၁၉) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။

ပိုးတွေ့လူနာ (၁၉)ဦးမှာ၊ ကျိန္တလီမြို့ အမှတ်(၂)ရပ်ကွက်မှ သံသယလူနာ(၂)ဦး၊ ကုလားပြင်ကျေးရွာမှ သံသယလူနာ (၁)ဦး၊ တိုင်ကျိုးကျေးရွာမှ သံသယလူနာ (၄)ဦး၊ သဲချောင်းကျေးရွာ (ဓနိအုပ်စု)မှ သံသယလူနာ (၆)ဦး၊ ကင်းရုံးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ သံသယလူနာ (၂)ဦး၊ မြို့မရပ်ကွက်၊ ဦးဥတ္တမလမ်းမှ သံသယလူနာ (၁)ဦး၊ မြို့မရပ်ကွက်၊ ခရေလမ်းမှ သံသယလူနာ (၁)ဦး၊ မြို့မရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းမှ သံသယလူနာ (၁)ဦး၊ ရွာမရပ်ကွက်၊ မြစိမ်းရောင်လမ်းမှ သံသယလူနာ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာများကို ပြည်သူ့ဆေးရုံ (ဂွမြို့)တွင် (၃)ဦး ကိုဗစ်-၁၉ ကုသရေး Center−2 (ဂွမြို့)တွင် (၁၀) ဦး၊ ဆပ်သွားတိုက်နယ်ဆေးရုံတွင် (၄)ဦး၊ ကျိန္တလီတိုက်နယ် ဆေးရုံတွင် (၂)ဦးထားရှိ ကုသပေးသွားမည်ဖြစ်ပြီး ယနေ့ဆေးရုံဆင်းလူနာ (၁၀)ဦးနှင့် ကုသဆဲလူနာ စုစုပေါင်း (၈၃)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)