မြန်အောင် ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်အတွင်း လူမျိုးဘာသာမရွေး အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့်သတ်မှတ်ဦးတည်အုပ်စုများအား Sinopham ကိုဗစ် ကာကွယ်ဆေးထိုးနှံခြင်းကို ဆေးထိုးစုရပ် (၁၀)နေရာ သတ်မှတ်ထားရှိပြီး ယနေ့ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် ကိုဗစ် ကာကွယ်ဆေးထိုးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်ဇနီးတို့က ကြည့်ရှု့အားပေးပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် အသက် (၆၅) နှစ် အထက်သက်ကြီးရွယ်အိုများ၊ မြို့မနေခြည်ဈေးသူ/ဈေးသားများ၊ Volunteer/ ပရဟိတများ၊ နိုင်ငံဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ ဆေးထိုးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ ဆေးထိုးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ မြန်အောင် မြို့နယ်အတွင်း Sinopham ကိုဗစ်ကာကွယ်ဆေးထိုးခြင်းအား ယမန်နေ့အထိ အသက် (၆၅)နှစ်အထက်နှင့်သတ်မှတ် ဦးတည်အုပ်စု (၁၂)ခုကို ဦးစားပေးအစီအစဉ်အလိုက် (၆၈၃၆)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်းသိရှိရသည်။
ဝင်းဗိုလ်- မြန်အောင်