ကျိုင်းတုံ ဩဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် မီးဘေးလုံခြုံရေး ဇတ်တိုက်လေ့ကျင်းခြင်းကို ဩဂုတ် ၁၃ ရက် နံနက် ၈ နာရီက အမှတ်(၅၂၉)၊ ခြေမြန်တပ်ရင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် ကျိုင်းတုံမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင့်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြရောက်လာပါက ထိတ်လန့်ကြောက်ရွံ့မှု မဖြစ်နေပဲ ကိုယ်တိုင်မီးငြိမ်းသတ်နိုင်ရေးကို အမှတ်(၅၂၉)၊ ခြေမြန်တပ်ရင်းရှိ အရာရှိစစ်သည်များ၊ မိသားစုဝင်များအား လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခဲ့ကြောင်းသိရသည်။
အရေးပေါ်မီးလောင်၊ မီးလန့်မှုများဖြစ်ပေါ်လာပါက အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးငြိမ်းသတ်ရေး နည်းစနစ်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပညာပေး သရုပ်ပြ ဇတ်တိုက် လေ့ကျင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)