ပန်းတောင်း သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြစ်ရေနစ်မြုပ်သည့် ရေတွင်းများအား သန့်စင်စေရန် ကလိုရင်း ပိုးသတ်ဆေး ပက်ဖျန်းခြင်းကို ကျွန်းမီးအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြစ်ရေနစ်မြုပ်သည့် ရေတွင်းများအား ကျွန်းမီးအုပ်စု ကျေးရွာ (၃)ရွာတို့တွင် ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဆရာမ/မများ လာရောက်၍ ပိုးသတ်ဆေးများပက်ဖျန်းပေးခဲ့ ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)