အင်္ဂပူမြို့ သာသနာဗိမာန် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ (အရန်ဆေးရုံ)သို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

အင်္ဂပူ ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ သာသနာဗိမာန် ကိုဗစ်-၁၉ရောဂါ ကာသရေးစင်တာ(အရန်ဆေးရုံ)သို့ ယမန်နေ့ ညနေပိုင်းက ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဥက္ကဌ ဦးအောင်ကျော်မိုးမှ PPE(Level-3)ဝတ်စုံ(၂၀)၊ N95-နှာခေါင်းစည်း(၇၀)ခု၊ လက်အိပ်(၁၀၀)ခု၊ Boot ဖိနပ်(၂၀)စုံ၊ ခွဲခန်းသုံးဝတ်စုံ(၅၀)စုံ၊ Apron(၅၀) စုံ၊ ခေါင်းစွတ်(၂၀)ခု၊ မျက်နှာကာဘာ(၃၀) ခု၊ လက်သန့်ဆေးဘူး(၂၀)ဘူး တို့အား ပေးအပ်ရာ စင်တာ(အရန်ဆေးရုံ)တာဝန်ခံ ဒေါက်တာမင်းကျော်သူအောင်က လက်ခံရယူခဲ့သည်။

အဆိုပါ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများနှင့် ဆေးရုံများသို့ ဆက်လက်ပေးအပ်ထောက်ပံ့သွား မည်ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)